Effect တွေများတာလည်းမကြိုက်ဘူး..သိုင်းကားလည်းကြိုက်တယ်ဆိုရင်တော့ဒီလိုကားမျိုးနဲ့သင့်တော်ပါတယ်..ဒီကားလေးက ၂၀၁၉ထွက် ရှေးခေတ်သိုင်းလောကကိုပြန်လည်ပံဖော်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်…ကျင်းဝူဂိုဏ်းမှာ ခေါင်းဆောင်အသစ်ရွေးချယ်ဖို့ ဖြစ်လာရာနေအဖွဲ့ဝင်စာရင်းကိုထုတ်ယူပြသဖို့ဖြစ်လာပါတယ်…
ဒီအချိန်ကိုအခွင့်ကောင်းယူပြီးအဖွဲ့ဝင်စာရင်းကိုသံမဏိမျောက်သိုင်းကွက်သုံးပြီး လုယူခံရတဲ့အခါ…တကယ်ပဲသံမဏိမျောက်အစစ်ကပါဝင်ပတ်သက်နေခဲ့တာလား..နောက်ကွယ်ကကြိုးကိုက်သူကဘယ်သူများလဲ…ဇာတ်လမ်းတစ်ခုလုံးကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်…