mmbusticketဒီဇာတ်လမ်းဟာ လွီကျေ့စိမ်းဆိုတဲ့ဘုန်းတ်ေကြီးတစ်ပါးရဲ့သွေးသောက်ညီအစ်ကိုလင်ချုံးကိုကယ်တင်ရင်းကြုံတွေ့ရပုံတွေကို ဖော်ညွှန်းပြသထားတာဖြစ်ပါတယ်..ဇာတ်လမ်းအကျဉ်းကတော့ ကောင်းယာနေ့ဆိုတဲ့စစ်သေနာပတိချုပ်ရဲ့သားဟာစစ်သူကြီးလင်ချုံးရဲ့ မိန်းမကို နှစ်သက်သဘောကျမိရာကနေလင်ချုံးကိုချောက်ချခဲ့ပြီး ချန်းကျုံးအကျဉ်းထောင်မှာပြစ်ဒဏ်ကျခံစေရုံသာမက
လမ်းခုလတ်မှာလိုက်လံသတ်ဖြတ်ဖို့စခိုင်းခဲ့ပါတယ်….ဒါကိုရိပ်စားမိတဲ့ ဘုန်းတော်ကြီးလွီကျေ့ချုံးဟာ သူ့ရဲ့သွေးသောက်ညီအစ်ကိုလင်ချုံးနောက်တိတ်တဆိတ်လိုက်ပါသွားခဲ့ပြီးကူညီကယ်တင်ပေးရာကနေ ဘယ်လိုအန္တရာယ်တွေကြုံတွေ့ရမလဲ…လင်ချုံးနဲ့ သူ့မိန်းမကိုကယ်တင်ပေးနိုင်ပါ့မလား…ဒီကားထဲမှာ ဖြောင့်မတ်မှန်ကန်တဲ့လင်ချုံး..သစ္စာရှိလွန်းတဲ့မစ္စလင်..သွေးသောက်ညီအစ်ကိုအတွက်ဘာမဆိုစွန့်စားမယ့်လွီကျေ့စိမ်း…မစ္စလင်ကိုရဖို့ ကောက်ကျစ်ယုတ်မာလွန်းတဲ့ကောင်းယာနေ့တို့ရဲ့ အားပြိုင်မှုတွေကိုတွေ့ရမှာဖြစ်ပါတယ်……
